Privacy Policy
Proboost Myanmar မှ ကြိုဆိုပါတယ် ။
ကိုယ်ရေးအချက်အလက် မူဝါဒများ နှင့် ပတ်သတ်ပြီး Proboost မှ သင်၏ မည်သည့်အချက်အလက်များကို သိမ်းဆည်းခြင်း / ကာကွယ်ထားခြင်း / အသုံးပြုထားခြင်း စသည်တို့ နှင့်ပတ်သတ်သည့် အသေးစိပ်များကို အောက်တွင် ဖော်ပြပေးထားပါသည် ။
(၁) Proboost မှ ထိန်းသိမ်းထားသော အချက်အလက်များ
အကောင့် အသုံးပြုသူများ၏ Proboost တွင် ဖွင့်ထားသော
(က) အကောင့် User Name ,
(ခ) Email Address နှင့်
(ဂ) Proboost Myanmar ရှိ လူကြီးမင်းတို့ အကောင့်တွင် Balance ဖြည့်သော မှတ်တမ်း များကို လူကြီးမင်းတို့ အသုံးပြုနေစဉ်ကာလ အတွင်း မှတ်တမ်းပြုစုထားပါသည် ။
(၂) သင်၏ အချက်အလက်များကို Proboost မှ ပြန်လည် အသုံးပြုပုံ
သင်၏ အချက်အလက်များကို အသုံးပြုပြီး Proboost မှ Customer သည် ဝန်ဆောင်မှု အားအသုံးပြုနေစဉ်ကာလအတွင်း အခက်အခဲဖြစ်နေချိန်များတွင် ကူညီဖြေရှင်းပေးခြင်း ၊ Order မှားယွင်းမှုများတွင် ကူညီဖြေရှင်းပေးခြင်း နှင့် Customer အား ဆက်သွယ်ချိန်တွင် အသုံးပြုပါသည် ။
(၃) Proboost မှ ထိန်းသိမ်းထားခြင်း မရှိသော အချက်အလက်များ
လူကြီးမင်းတို့ ၏ ကိုယ်ပိုင် Social Media အကောင့်များ၏ အချက်အလက်များ တစ်ခုမှ ဖြည့်သွင်းစရာမလိုပါ ။
Proboost မှလဲ မည်သည့် အချက်အလက်မှ သိမ်းဆည်းနိုင်စွမ်းမရှိပါ ။
လူကြီးမင်းတို့ ဖွင့်ထားသည့် Proboost Myanmar အကောင့်၏ Password ကို Proboost Myanmar မှ ထိန်းသိမ်းထားခြင်းမရှိပါ ။ (Admin အကူညီဖြင့် Password Reset ပြုလုပ်နိုင်သော်လည်း Two Factor ဖြင့် Password Reset လုပ်ခြင်းအား လုံခြုံမှု အပြည့်ရှိသောကြောင့် သုံးစွဲရန် အကြံပြုပါသည် ။)
(၄) Data Security
လူကြီးမင်းတို့ အသုံးပြုသည့် ဝန်ဆောင်မှုနှင့် လူကြီးမင်းတို့လုပ်ငန်းများ၏ Page များ / Social Media အကောင့်များအား
မည်သူ တစ်ဦးတစ်ယောက်မှ ကြည့်ရှုနိုင်ခြင်းမရှိသော Data Encryption ဖြင့် အသုံးပြုထားပါသည် ။
(၅) Information Sharing
Proboost Myanmar တွင် အသုံးပြုနေသော Customer များ၏ အချက်အလက်များ နှင့် အသုံးပြုသည့် ဝန်ဆောင်မှုများကို မည်သူ တစ်ဦးတစ်ယောက်ထံမှ ဖြန့်ဝေခြင်း ၊ ရောင်းချခြင်း ၊ လွှဲပြောင်းခြင်းများ အားပြုလုပ်ခြင်းမရှိပါ ။
(၆) Cookies & Tracking Technologies
Customer များ၏ အသုံးပြုသည့် Nature များနှင့် "မည်သည့် Social Media Platform နှင့် ဝန်ဆောင်မှုများကို ပိုမို အသုံးပြုပါသလဲ" စသော ယေဘုယ အချက်အလက်များကို မိမိတို့ Proboost ၏ ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေရန် Track လုပ်ပါသည် ။
(၇) Contact Us
Privacy Policy ၏ မူဝါဒပြောင်းလဲမှုများကို Proboost Myanmar မှ အချိန်မရွေး ပြုလုပ်နိုင်မည် ဖြစ်ပြီး ၊ ပြောင်းလဲသည့်အချိန်တိုင်းတွင်လဲ အသိပေးခြင်း အကြောင်းကြားခြင်းများကို သက်ဆိုင်ရာ Group နှင့် Channel များတွင် ကြေညာပေးသွားပါမည် ။
Customer / Client နှင့် User များထပ်မံ သိရှိလိုသည့်အချက်များအားလုံးကို
Proboost Facebook Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။
https://www.facebook.com/proboostmyanmar