⚠️ Link များကို Public ဖြင့် တင်ထားသော Post များ သာ ဆောင်ရွက်ပေးနိုင်ပါသည် ။ Public မဟုတ်သော Link များကို တင်ပေးလို့မရသောကြောင့် Cancel ပါမည် ။
💬 FB တွင်စာပို့ရန်
ပင်မ စာမျက်နှာသို့သွားမည်
ProboostMyanmar

အမေးများသောမေးခွန်းများ

FAQ

မင်မင်တို့ကို အမေးများတတ်တဲ့ မေးခွန်းများ

၁ ။ Page like နဲ့ Follower တွေက တကယ်တိုးလို့ရတာလား ?

ဖြေ -> တကယ်တိုးလို့ရပါတယ် ၊ အနိမ့်ဆုံး 100 Likes ကနေ အများဆုံး 10K Like အထိတိုးလို့ရပါတယ် ။ ပိုတိုးချင်လဲရပါတယ် ။

၂ ။ ဘယ်လောက်ကြာလဲ ?

ဖြေ -> နိုင်ငံခြား အကောင့်တွေနဲ့ Like တွေကို ၂နာရီ အတွင်း တက်သွားတာလဲရှိသလို အကြာဆုံး ၅ နာရီထိကြုံဘူးလို့ ၂၄ နာရီအတွင်းရမယ်လို့ မင်မင်တို့ကပြောလေ့ရှိပါတယ် ။

၃ ။ အကောင့်တွေက အစစ်တွေလား ?

ဖြေ -> Like & Follow လာလုပ်ပေးမယ့် အကောင့်တွေက နိုင်ငံခြားက ဖွင့်ထားတဲ့ အကောင့်တွေဖြစ်ပြီးတော့ အမှန်တကယ် Like & Follow လာလုပ်ပေမယ့် ၊ အရေအတွက်အနေနဲ့သာ တိုးသွားမှာပါ ။ Like ပိုများသွားလို့ မိမိတို့ရဲ့ Page က ပိုပြီးဈေးရောင်းကောင်းသွားတာမျိုး ၊ အဲ့ဒီ အကောင့်တွေဆီကနေ ဈေးဝယ်လာတာမျိုးမရှိပါဘူး ။ စာပို့လာတာမျိုး မရှိပါဘူး ။ ရိုးရိုးသားသားပြောရရင် Like နှိပ်ပေးဖို့ ဖွင့်ထားတဲ့ အကောင့် ပိုင်ရှင်တွေကို မင်မင်တို့က ပိုက်ဆံပေးပြီး နှိပ်ခိုင်းတဲ့သဘောပါပဲ ။

၄ ။ မြန်မာအကောင့်နာမည်တွေနဲ့ကော Like & Follow ခိုင်းလို့ရလား ?

ရပါတယ် ၊ ဒါပေမယ့် အရမ်း ကြာပါတယ် ။ ဘာမှ ထူးခြားမသွားဘူး ။ Page ပိုင်ရှင်ကလွဲပြီး Follower နဲ့ Like လုပ်ထားတဲ့သူတွေကို မမြင်ရပါဘူး ။ နိုင်ငံခြားအကောင့်တွေနဲ့ဆိုရင် အရမ်းမြန်လို့ နိုင်ငံခြားအကောင့်ပဲ အကြံပေးပါတယ် ။

၅ ။ Page ကို ထိခိုက်မှုရှိလား ?

မရှိပါဘူး ၊ Restict လဲ မထိပါဘူး ။ အကောင့်တွေနဲ့ Like လာနှိပ်ပေးတာပဲမို့လို့ ပြသနာမရှိပါဘူး ။

၆ ။ Like & Follow လာလုပ်တဲ့ အကောင့်တွေက ဈေးဝယ်မှာ ၊ စာပို့မှာ မဟုတ်ဘူးဆိုရင် ဘာလို့တိုးကြလဲ ?

မိမိ စတင်လုပ်ကိုင်တဲ့စီးပွားရေးဖြစ်ဖြစ် ၊ ကိုယ်ပိုင်အကောင့်ဖြစ်ဖြစ် စစချင်းမှာ Like နဲ့ Follow နည်းနေရင် ယုံကြည်မှု ရရှိတာနည်းကြတယ် ။ လူအများကြီး Like လုပ်ထားတဲ့ Page ဆိုရင် ပိုပြီးစိတ်ဝင်စားကြတယ် ။ လူအများကြီး Follow လုပ်ထားတယ်ဆိုရင် အရှိန်အဝါရှိနေသလိုဖြစ်နေတယ် ။ Search Bar မှာ ရှာဖွေရလွယ်ကူစေပါတယ် ။ အဲ့အတွက် မင်မင်တို့က အမြန်နည်းနဲ့ အရေအတွက်တိုးအောင် သီးသန့် လုပ်ပေးခြင်းသာ ဖြစ်ပါတယ် ။

အမှန် အကန် ဈေးဝယ်မယ့်သူတွေဆီက Like & Follow ရချင်ရင်တော့ Facebook Ad manager နဲ့ Run မှ ရပြီးတော့ ဈေးကြီးပါတယ် ။ ဒီလိုဈေးနှုန်းမျိုးတော့မရနိုင်ပါဘူး ။ မင်မင်တို့ရဲ့ Customer တွေက အပျော်သဘောနဲ့ကော အတည်သဘောနဲ့ကော ယုံကြည်စွာနဲ့ အပ်နှံကြတာများပါတယ် ။

၇ ။ Like မတိုးလာရင်ရော ?

၂၄ နာရီအတွင်း မတိုးရင် ပြန်ရော်ပေးပါမယ် ။ Page Link, Post Link တွေ ၊ Tiktok အကောင့် Link တွေတော့မှန်ဖို့လိုပါမယ် ခင်မျာ ။